Thursday, March 28, 2013
ဓာတ်ပုံမှ ရုပ်ရှင် သို့ပြောင်းပြီး CD တစ်ချပ်သို့
ဒီ Proshow Gold software လေးကတော့ ဓာတ်ပုံတွေကနေ ဗီဒီယို ပြောင်းနိုင်တဲ့ software လေးပဲ ဖြစ်ပါတယ်။ ပုံတွေကို slideshow ပုံစံတွေလုပ်ပြီး VCD, DVD ဖိုင်တွေအဖြစ် ပြောင်းလဲ ဖန်တီးနိုင်ပါတယ်။ ကွန်ပျူ တာကို အခြေခံအဆင့်လောက် သုံးတတ်သူကစပြီး ဒီ software ကို ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ဒီ proshow gold software ကို သုံးပြီးတော့  ဓာတ်ပုံ slide တွေ၊ ဓာတ်ပုံတွေမှာ သုံးထားတဲ့ လှုပ်ရှားမှု motion လေး တွေ၊ ကိုယ်တိုင်လုပ်နိုင်တဲ့ special effect တွေ စတာတွေ ကို အဆင်ပြေစွာ သုံးနိုင်တာကို တွေ့ရမှာပါ။ ထပ်ပြီးတော့ ကိုယ့်ရဲ့ ဓာတ်ပုံ slide CD မှာ ကိုယ်နှစ်သက်တဲ့ သီချင်းတွေ ကို ပေါင်းထည့်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။ 
ပထမဆုံးမှာတော့ ဒီ software နဲ့ ရင်းနှီးကျွမ်းဝင် ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါဆို ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ပိုပြီးတော့ တွင်ကျယ်နိုင်ပါတယ်။ အောက်မှာ ဓာတ်ပုံ တစ်ပုံစီကနေပြီး အိမ်က TV မှာ CD ခွေထည့်ပြီး ကြည့်နိုင် သည်အထိ တစ်ဆင့်ပြီးတစ်ဆင့် တင်ပြသွားပါမယ်။
ပထမဆုံးကိုယ် ဗီစီဒီလုပ်ချင်တဲ့ ဓာတ်ပုံတွေကို folder တစ်ခုထဲမှာ တစ်စုတစ်စည်းတည်း စုထားပါ။ ဓာတ်ပုံတွေကို scan ဖတ်၍သော်လည်းကောင်း၊ data အနေနဲ့ ရှိရင်လည်း အဆင်ပြေပါတယ်။ ဓာတ်ပုံအရေ အတွက်ကို ကိုယ်ကြိုက်နှစ်သက်သလို အသုံးပြုနိုင် ပါတယ်။
ပထမဆုံး ၀ိုင်းပြထားတဲ့ New Icon ဆိုတာကို ကလစ်လိုက်ပါ။ ကလစ်လိုက်ရင် New Slide Show ဆိုပြီး Slide အသစ်လုပ်ဖို့ အတွက် box လေးတစ်ခု ကျလာပါ လိမ့်မယ်။
နောက် create ဆိုတာကို ကလစ်လိုက်ပါ။ အဲ့ဒီနေရာမှာတင် ကိုယ်အဆင်သင့် သိမ်းထားတဲ့ ဓာတ်ပုံ folder ရဲ့ destination နေရာကိုရွေးထားပါ။ ရွေးထားတဲ့ အချိန်မှာအောက်မှာပုံလေးတွေ ရှိပါတယ်။ အဲ့ဒီပုံတွေ အကုန်လုံးကို select ပေးပြီးအောက်မှာ မြှားပြထားသလို Drag ဆွဲပြီး ထည့်လိုက်ပါ။ ဆွဲထည့်နေတဲ့အချိန်ကို ခဏ လေးစောင့်နေပါ။ ပုံအရေအတွက်များရင် များသလောက် ကြာနိုင်ပါတယ်။ အခုလုပ်မယ့် slide show မှာတော့ ပုံ 200 လောက်သုံးထားပါတယ်။ ကိုယ့်ရဲ့ ဓာတ်ပုံရှိ သလောက် အသုံးပြုနိုင်ပါတယ်။ Drag ဆွဲထည့်လိုက်ရင် အောက်မှာ ပုံတွေဝင်သွားတာကို တွေ့ရပါလိမ့်မယ်။
ဒီလောက်အဆင့်နည်းနည်း၊ အချိန်နည်းနည်း လေး အတွင်းမှာတင်ပဲ slide show က အကြမ်းအနေနဲ့ ပြီးသွားပါပြီ။ ၀ိုင်းထားတဲ့ Play button လေးကို ကလစ် ကြည့်လိုက်ပါ။ play button ကတော့ အစမ်းအနေနဲ့ transition, song, photo တွေ အဆင်ပြေလား မပြေလား ဆိုတာကို ပြန်ကြည့်လို့ရပါတယ်။ ကိုယ်ရဲ့ဓာတ်ပုံလေး တွေ အကုန်လုံးကို slide show အနေနဲ့ မြင်တွေ့ရပါလိမ့် မယ်။ ဒါက အမြန်ဆုံး slide show တစ်ခုပြီးသွားတာပါ။ ဒါပေမယ့် ဒီထဲမှာကိုပဲ နောက်ထပ်လုပ်နိုင်တာတွေ ထပ် ဖော်ပြသွားပါဦးမယ်။
ဓာတ်ပုံတစ်ပုံနဲ့တစ်ပုံအကြား အကူးအပြောင်း ကြားထဲမှာ slide style or transision တွေ ပြောင်းချင်တယ် ဆိုရင် ပုံမှာ ပြထားတဲ့ နေရာလေးကို ကလစ်လိုက်ရင် Choose Transition box ကြီးကျလာပါလိမ့်မယ်။ အဲ့ဒီ နေရာမှာ ကိုယ်လိုချင်တဲ့ effect ကိုရွေးလိုက်ရင် ကိုယ့်ရဲ့ Video မှာ ကိုယ်ထည့်ထားတဲ့ effect ၀င်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒီ effect တွေကို ကိုယ်ကြိုက်တဲ့ပုံစံ တစ်ခုချင်းစီတော့ လိုက်လုပ်ရပါမယ်။
ဓာတ်ပုံရဲ့ effects မှာ ကိုယ်လိုသလို ပြင်နိုင်သလို၊ ဓာတ်ပုံတွေရဲ့အပေါ်မှာမှ ကိုယ့်ရဲ့ အမှတ်တရ စာသား လေးတွေ ရေးချင်ရင်တော့ slide caption ဖြစ်တဲ့ slide ထဲက slide option ထဲကမှ Caption ကိုရွေးပါ။  Short Cut အနေနဲ့ (ctrl + F9) နှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် Slide Caption box ကျလာပြီး Cursor ကို အဆင်သင့်တွေ့ရမှာ ဖြစ်ပြီး အဲ့ဒီနေရာမှာ ကိုယ်ရေးချင်တဲ့စာသားတွေကို အင်္ဂလိပ်လိုရော၊ မြန်မာလိုပါ ရေးလို့ရမှာ ဖြစ်ပါတယ်။
သီချင်းတွေပါ ထပ်ဖြည့်ထည့်မယ်ဆိုရင်လည်း အလွယ်ထည့်လို့ ရပါတယ်။ ကိုယ်ထည့်မယ့် သီချင်းတွေ ကိုလည်း Folder တစ်ခုထဲမှာ သီးသန်းစုစည်းထား လိုက် ပါ။ အောက်မှာပြထားတဲ့  Drag background song here. Double click to edit ဆိုတဲ့ နေရာမှာ သီချင်းကို ဆွဲထည့် လို့ ရပါတယ်။ ပြီးရင် သီချင်းနဲ့ ဓာတ်ပုံတွေ အစီအစဉ် တကျပြီးဖို့အတွက် Edit လုပ်လို့ရပါတယ်။
အကုန်ပြီးသွားပြီဆိုရင်တော့ CD ထုတ်ဖို့အတွက် Create Output ဆိုတာကို ရွေးလိုက်ရင် Create Output Box ကျလာပါလိမ့်မယ်။
အဲ့ဒီနေရာမှာ ကိုယ်အလိုရှိသလို သိမ်းလို့ ရပါ တယ်။ ဒီနေရာမှာတော့ ဒီ Photo တွေကို Video အနေနဲ့ ပြန်ကြည့်ချင်လို့ရှိရင် ဒါကို CD နဲ့သိမ်းလို့ရနိုင်တဲ့ Format အဖြစ် .mpg အနေနဲ့ သိမ်းလိုက်ပါမယ်။ Create ကို နှိပ်လိုက်ရင် Save Video File Box ကျလာပြီး ကိုယ်လို ချင်တဲ့ နေရာမှာ video file ကို save လုပ်လိုက်ပါ။ ဒီနေရာ မှာတော့ အခုဖန်တီးထားတဲ့ video file ကို MyCreation. mpg ဆိုပြီး save button ကို ကလစ်လိုက်ပါမယ်။
ဒီလို Save ကို ကလစ်လိုက်ရင် project ကနေ Video file အဖြစ်ပြောင်းနေတဲ့ပုံစံလေး ပြပါလိမ့်မယ်။ အောက်မှာ ပြထားတဲ့ပုံစံပါပဲ ။
အခုဆိုရင် ကိုယ်တိုင် ဖန်တီးထားတဲ့ VCD လေး ပြီးသွားပါပြီ။ ဒါကို CD burn ပြီး TV ,VCD, DVD ,EVD အစရှိတဲ့ စက်တွေမှာ အဆင်ပြေပြေနဲ့ ကြည့်ရှုနိုင်ပါပြီ။ နောက်ထပ်လည်း ဒီ software မှာ ထပ်ပြီး စမ်းသပ်လို့ရပါ သေးတယ်။ ကိုယ့်ရဲ့ ဓာတ်ပုံတွေ ကို Data အနေနဲ့ လုပ် ထားတော့ ဓာတ်ပုံသားတွေလည်း မပျက်စီးစေဘဲ စိတ် တိုင်းကျ ဖန်တီးရရှိနိုင်မှာ ဖြစ်ပါတယ်။ 
 အခုဆိုရင် movie file ပြောင်းတဲ့ကိုယ့်ရဲ့ ဓာတ်ပုံ တွေကို နောက်ခံသီချင်းတွေနဲ့ လုပ်တာပြီးဆုံးသွားပါပြီ။ Desktop Background မှာ ခုဏနေက ပြောင်းထားတဲ့ movie file ကို CD မခုတ်ခင် ကွန်ပျူတာမှာတင်  အစမ်း  ပြန်ကြည့်နိုင်ပါတယ်။ ဒီဆော့ဝဲလ်ကို လိုချင်ရင်တော့ http://www.soft32.com/Download/free-trial/ProShow_Gold/4-80674-1.html  ဆိုက်မှာ free သွားယို့ ရပါတယ်။ ဒါပေမယ့် ဒါက Trail Version ပါ။ ဒီစာအုပ်နဲ့ တွဲပါတဲ့ CD ထဲမှာလည်း software ကို တစ်ခါတည်း ထည့် ပေးထားပါတယ်။ အားလုံးပဲ အဆင်ပြေစွာနဲ့ လုပ်ဆောင် နိုင်မယ်လို့ ထင်ပါတယ်။ (Posted by - Knowledge Bridge)
                          kosawchitthu ဆိုဒ် မှ ကူးယူတင်ပြပါသည်။
Wednesday, March 27, 2013
ICT ဆိုတာဘာလဲ?
ICT နည်းအကြောင်းပထမပိုင်း
ICT နည်းပညာဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခုဧ။်သဘာဝကိုရှင်းလင်းလွယ်ကူအောင် ပုံဖြင့်ဖော်ပြပေးခြင်းဖြစ်ပါသည်။သာမန်အားဖြင့် သိပြီး
ဖြစ်သော်လည်၊အုပ်ချုပ်ခြင်းနှင့် အလုပ်လုပ်ခြင်းနှစ်မျိုးရှိကြောင်း၊ထိုနှစ်မျိုးစလုံးတွင်သတင်းအချက်အလက်(Information)များ တွဲပါနေကြောင်း
အထူးသဖြင့်အုပ်ချုပ်ခြင်းလုပ်ငန်းစဉ်ကြီးတစ်ခုလုံးသည် သတင်းအချက်အလက်(Information) များကိုအသုံးပြုနေရကြောင်းကို သိစေလိုပါသည်။
အများအားဖြင့်အလုပ်လုပ်နေသော (Physical System) ကိုသာ စိတ်ဝင်စားအလေးထားကြပြီးတစ်ပါးတည်းတွဲလျက်ရှိနေသော Information Space
ကိုအမှတ်တမဲ့ ရှိမှန်းမသိဖြစ်နေတတလေ့ရှိပါသည်။ICT နည်းပညာကို အသုံးမချနိုင်သေးလျှင် စီးပွားရေးလုပ်ငန်းတစ်ခုတွင် မမြင်ရဘဲတည်ရှိနေသော
Information Space  ကို ကောင်းစွာအသုံးမချနိုင်သေးခြင်းဖြစ်ပြီး ယင်းသို.အသုံးချသည်.အတွက်ရရှိမည်.အကျိုးတရားကို မခံစားနိုင်သေးခြင်းဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းများ၏ Information Space တည်ရှိနေပုံကို သိရှိနိုင်ပြီဆိုလျှင်ယင်း Information Space အတွင်းအဆင့်ဆင့်ဖန်တီးအသုံးပြုရမည်.  Inform-
ation System များကိုလည်း ထပ်မံသိနားလည်ရန် လိုအပ်ပါသည်။ICTနည်းပညာအသုံးပြုရန် ကွန်ပျူတာများဝယ်ခြင်း၊ ကြုံကြိုက်သည်.  Software   များ ၀ယ်ယူ
အသုံးပြုခြင်းသည် ICT နည်းပညာကို လုပ်ငန်းအတွက်စနစ်တကျ အကျိုးရှိအောင် အသုံးပြုခြင်းမဟုတ်ပါ။အရေးကြီးသည်မှာ Information System
အဖြစ်အသုံးပြုရန်ဖြစ်ပါသည်။Hardware နှင့် Softwareများဆိုသည်မှာ အသုံးပြုခံပစ္စည်းနှင့် စနစ်များသာဖြစ်ပါသည်။အဓိကအရေးကြီးသည်. Information
Systemများမှာ ပင်မအလုပ်များအားအထောက်အကူပြုမည်. Operation Transaction ProcessingSystem နှင့်ထိုစနစ်များ၏သတင်းအချက်အလက်များပေါ်
မူတည်ပြီးထိပ်ပိုင်းစီမံအုပ်ချုပ်သူများအတွက် စုစည်းသုံးသပ်တင်ပြနိုင်မည်.Management Information Systemတို.ဖြစ်ပါသည်။
ICT နည်းပညာအသုံးပြုခြင်း၏ အကျိုးသက်ရောက်မှုများ-
.လုပ်ငန်း ကုန်ကျစရိတ်သက်သာခြင်း (Cost Reduction)
.လုပ်ငန်း ပိုမိုလွယ်ကူလျင်မြန်လာခြင်း (Speed)
.လုပ်ငန်းထိန်းချုပ်မှု ပိုမိုကောင်းမွန်ခြင်း (Better Control)
.လုပ်ငန်းယှဉ်ပြိုင်မှု ပိုမိုအားကောင်းခြင်း (More Competitive)
.၀ယ်ယူသူများအား ပိုမိုစိတ်ကျေနပ်စေနိုင်ခြင်း (More Customer Satisfaction)
.ဈေးကွက်ပိုမိုချဲ.ထွင်နိုင်ခြင်း (Market Expansion and Penetration)
.လုပ်ငန်းဂုဏ်ကျက်သရေ မြင့်တက်ခြင်း (Better Image)
.တန်ဖိုးသစ်များ ဖန်တီးနိုင်ခြင်း (Creation of Additional Values)ဖြစ်ပါတယ်။
IT Manpower
ICT နည်းပညာကို လုပ်ငန်းတွင်အောင်မြင်စွာ အကောင်အထည်ဖော် အသုံးပြုနိုင်ရန်အတွက် အရေးကြီးသောလိုအပ်ချက်မှာ နည်းပညာကျွမ်းကျင်သောဝန်ထမ်းများ
ပြည်.စုံစွာရရှိရေးဖြစ်ပါသည်။
၁။     Information System ကို User Level သုံးပြုတတ်သည်.
၂။     Information System ကို လိုအပ်ပါက အရေးပေါ်
         ပြင်ဆင်နိုင်ရန်၊ဖြည်.စွက်နိုင်ရန်၊Software တီထွင်မှုကို
နားလည်သော Programmer များ
၃။     Hardware နှင့် Network များကို ထိနးသိမ်းပြုပြင်မှုအတွက်
         ကျွမ်းကျင်သော System Engineer များ
၎။    Information System ကို စဉ်ဆက်မပြတ် ကောင်းမွန်စွာ
        အသုံးပြုနိုင်ရန် ကြီးကြပ်ဆောင်ရွက်နိုင်သော System Administrator
၅။    ICT နည်းပညာကို လုပ်ငန်းအတွက်အကျိုးအများဆုံးဖြစ်ရန်
        အုပ်ချုပ်ဆောင်ရွက်ပေးသည်. IT Management ပြုလုပ်နိုင်သည်.
IT Manager
၆။    ICT နည်းပညာကို လုပ်ငန်းအတွက် အကျိုးအများဆုံးဖြစ်ရန်အုပ်ချုပ်ဆောင်ရွက်ပေးသည်. IT Management ပြုလုပ်နိုင်သည်. IT Manager
        များလိုအပ်ပါသည်
Information System အသုံးပြုရန်လိုအပ်သောကွန်ပျူတာနှင့်တွဲဖက်
သုံးပစ္စည်းများ Hardware ပိုင်း
Client Computer များ၊အင်အားကောင်းသည်. Server Compuer များ၊Printer များ၊ Scanner များ၊ ပြင်ပသိမ်းဆည်းသည်. External Hard Disk
Momory Stick (USB)၊DVD ၊ CD ၊ Tape များဖြစ်ပါတယ်
ကွန်ပျူတာစနစ် အလုပ်လုပ်နိုင်ရန် ထည်.သွင်းပေးရမည်. System Software များ  Software ပိုင်း
.Operating System (WINDOWS,UNIX,LINUX,MAC OS)Utilities Software (Anti Virus,…)လိုအပ်သည်. ရည်မှန်းအလုပ်များ ပြီမြောက်
နိုင်ရန်ထည်.သွင်းပေးရမည်. Application Software များ.ဈေးကွက်တွင် အရန်သင့် ၀ယ်ယူအသုံးပြုနိုင်သော Package Softwareများ
(ဥပမာ- MYOB, ACCPAC,MS,OFFICE,…..).အသင့်တီထွင်ပြီးသော်လည်း မိမိလုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီအောင်ပြုပြင်အသုံးပြုရသော
Customized Softwareများမိမိ၏လုပ်ငန်းလိုအပ်ချက်အရ သီးသန်.တီထွင်ရသော Tailor Made Software များလိုပ်အပ်ပါသည်။
Information System တွင်ပါဝင်သောအစိတ်အပိုင်းများ
User Interface
Application
Database
User Interface
User Interface ဆိုသည်မှာ Information System(Software)ကိုနည်းပညာများ တတ်မြောက်ရန်လိုဘဲ လွယ်ကူစွာအသုံးပြုနိုင်ရန်၊လူနှင့်
ကွန်ပျူတာဆက်သွယ်ဆောင်ရွက်ရန်ပြုလုပ်ထားသောစနစ်ဖြစ်ပါသည်။ ယနေ.အခါတွင် User Friendly ပိုဖြစ်ပြီး ITC နည်းပညာများစွာနားမလည်သောလည်း
စနစ်ကိုလွယ်ကူစွာ အသုံးပြုလာကြပြီဖြစ်ပါသည်။
Application
Application  ဆိုသည်မှာလုပ်ငန်းလိုအပ်ချက်အရ ဆောက်ရွက်နိုင်ရန် ၀ယ်ယူအသုံးပြုသော် (သို.မဟုတ်)စိတ်ကြိုက်တီထွင်အသုံးပြုသော Application
Software များဖြစ်ပါသည်။ User Interface နောက်ကွယ်မှအလုပ်လုပ်နေသော စနစ်ဖြစ်သည်.အတွက် အသေးစိတ်ကို အသုံးပြုမည်.သူ နားလည်ရန် မလိုအပ်ပါ။
Database
Database ဆိုသည်မှာ Information System အတွက် အရေးကြီးဆုံး အစိတ်အပိုင်းမှာ Database ဖြစ်ပါသည်Application Software
တွင်ထည်.သွင်းအသုံးပြုရမည်.Data များကို ပုံစံတကျစုစည်းထားခြင်းဖြစ်ပါသည်။Information System များအောင်မြင်စွာအကောင်အထည်ဖော်
ဆောက်ရွက်နိုင်ခြင်းမရှိရသည်. အကြောင်းရင်းမှာDatabase စနစ်တကျ တည်ဆောက်နိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။Database တွင်ပါဝင်သော
Data  များမှန်ကန်ရန်၊ပြည်.စုံရန်၊အချိန်နှင့်တစ်ပြေးညီ Update  ဖြစ်ရန်လိုအပ်ပါသည်။သိုမဟုတ်ပါက Hardware နှင့် Softwareများမည်မျှပြည်.
စုံကောင်းမွန်သည်ဖြစ်စေ Database မတည်ဆောက်နိုင်ပါက မှန်ကန်ပြည်.စုံမှုမရှိသော် လုပ်ငန်းရည်မှန်းချက်မအောင်မြင်ဘဲသဲထဲရေသွန်သကဲ့သို.
ရင်းနှီးမြှုပ်နှိထားမှုများအချည်းနှီးဖြစ်သွားလေ့ရှိသည်။
Network အကြောင်း
ယခုအခု Information System များအသုံးပြုရာတွင် stand alone ကွန်ပျူတာ တစ်လုံးချင်း သီးသန်.အသုံးပြုသည်.ထက် Network များ
ချိတ်ဆက်အသုံးပြုမှုမျိုး ပိုမိုလာသည်.အတွက် Network များအကြောင်း သိထားသင့်ပါသည်။
.LAN (local Area Network)
မိမိရုံခန်း၊ အဆောက်အဦးအတွင်း ကြိုးဖြင့် (Cable)  (သို.မဟုတ်) ကြိုးမဲ့(Wireless) ချိတ်ဆက်အသုံးပြုခြင်း
.WAN (Wide Area Network)
ဝေးလံသော လုပ်ငန်းဌာန၊ ရုံးခွဲများအကြား ဆက်သွယ်ရေးစနစ်တစ်ခုခုဖြင့် ချိတ်ဆက်အသုံးပြုခြင်း (Fiber Cable ၊ဂြိုလ်တုဆက်သွယ်ရေး၊ ADSL)
.Internet
တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ချိတ်ဆက်ထားသော Network ကြီးကို အသုံးပြုပြီး မိမိလုပ်ငန်းများကို ဆောင်ရွက်နိုင်ပါသည်။
Internet အား Internet Service Provider (ISP) နှင့်ချိန်ဆက်ပြီးခေတ်မီဆက်သွယ်ရေးပုံစံ တစ်နည်းနည်း
(Fiber Cable ၊ဂြိုလ်တုဆက်သွယ်ရေးADSL ၊Wireless Broadband၊ WimAX ၊ WIFI ၊….)ဖြင့်အသုံးပြုနိုင်ပါသည်။
ICT နည်းပညာဒုတိယပိုင်း
ICT ကိုအောင်စွာ အသုံးချနိုင်ရန်အတွက် အရေးကြီးသေားလိုအပ်ချက်များ (Critical Success Factors)
စီးပွားရေးလုပ်ငန်းများတွင် ICT နည်းပညာကိုအသုံးပြုသည်.အတွက် အကျိုးဖြစ်ထွန်းမှုများရှိနိုင်ရန်မှာ ICT ကိုအောင်မြင်စွာအသုံးချနိုင်မှသာဖြစ်ပါသည်။
  ICT     ကိုအသုံးပြုသော်လည်းအောင်မြင်စွာအသုံးမချနိုင်လျှင် အကျိုးဖြစ်ထွန်းမှုကို ကောင်းစွာရရှိနိုင်မည်မဟုတ်ပါ။စီးပွားရေးလုပ်ငန်းများတွင်ICT
ကိုအောင်မြင်စွာအသုံးချနိုင်ရန်အတွက်လက်တွေ.အကောင်အထည်ဖော်ရာတွင်အခက်အခဲများကြုံတွေ.နိုင်သည်ဖြစ်ရာ ယင်းအခက်အခဲများကို ကျော်လွှားနိုင်
စေရန်အတွက် တွေ.ကြုံနိုင်သည်. အခက်အခဲ၊ပြဿနာများကို ကြိုတင်ဆန်းစစ်သိရှိထားနိုင်ရန်လိုအပ်ပါသည်။
၁။ တွေ.ကြုံနိုင်သည်. အခက်အခဲများ
(က)  ICT လုပ်ငန်းဆောင်ရွက်မှုပြုလုပ်မည်.အဖွဲ.အစည်း
၏အားနည်းချက်
မိမိအဖွဲ.အစည်းအတွက် ICT   လုပ်ငန်းအကောင်အထည်ဖော်ရန် တိကျရှင်းလင်းသောရည်ရွယ်ချက်ကောင်းစွာမသတ်မှတ်နိုင်ခြင်း၊အကောင်အထည်ဖော်မည်.
စီမံကိန်းကိုသေချာစွာမပြုလုပ်ခြင်းတို.ကြောင့် ကွန်ပျူတာစနစ်၏ဒီဇိုင်းသည် မှန်ကန်မှုမရှိတော့ဘဲအချိန်ကြာမြင့်ကာ စရိတ်ပိုမိုကုန်ကျတတ်ပါသည်း
(ခ) ကျွမ်းကျင်သောလူအင်အား ပြည့်စုံစွာမရှိခြင်း
ICT လုပ်ငန်းအကောင်အထည်ဖော်ရန်အတွက် လုံလောက်သောအရည်အချင်းမီ ကျွမ်းကျင်လူအင်အားပြည့်စုံစွာမရှိခြင်းဖြစ်ပါသည်။ထို.ကြောင့်
စနစ်အကောင်အထည်ဖော်ရန်စနစ်ကိုပံ့ပိုးရန် များစွာအခက်အခဲဖြစ်နိုင်ပါသည်။
(ဂ)  ဘတ်ဂျက်လုံလောက်စွာမရရှိခြင်း
ICT လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်အတွက် လုံလောက်သောဘတ်ဂျက်နှင့်ငွေကြေးထောက်ပံ့မှုရှိရန်လိုအပ်ပါသည်။ သို.မဟုတ်ပါက ICT လုပ်ငန်း
ကိုရှိသောဘဏ္ဍှာငွေဖြင့်အလုပ်ဖြစ်ရုံမျှသာ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို.ကြောင့်လုပ်ငန်းတစ်ပိုင်းတစ်စဖြင့်မပြီးစီးနိုင်သကဲ့သို.ပြုပြင်ထိန်းသိမ်းစရိတ်လည်း
ပိုမိုကုန်ကျနိုင်ပါသည်။
(ဃ) နည်းပညာပိုင်းဆိုင်ရာ ပြောင်းလဲမှု
ICT လုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် အချိန် ကြာမြင့်လျှင်နည်းပညာဆိုင်ရာပြောင်လဲမှုကြောင့်အသုံးပြုလျက်ရှိသော Hardware နှင့်
Software များအသုံးပြုနိုင်မှု လျော့ကျလာခြင်းကိုကြုံတွေ.ရတတ်ပါသည်။
(င)   ၀န်ထမ်းများက အပြောင်းအလဲကို လက်မခံလိုခြင်း
ICT နည်းပညာများကို အသုံးပြုပြီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပါဝင်ဆောက်ရွက်ရသော ၀န်ထမ်းများအနေဖြင့်ချက်ချင်း
ယုံကြည်လက်ခံမှုမရှိနိုင်သေးခြင်း၊နည်းစနစ်အသစ်ကို လက်ခံအသုံးပြုရန် ၀န်လေးခြင်းတိုဖြစ်တတ်ပါသည်။
(စ)  ကြီးကြပ်မှု အားနည်းခြင်း
ICT လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်စနစ်ကိုတာဝန်ခံပြီဆောင်ရွက်သူများကလက်တွေ.လုပ်ငန်း အကောင်အထည်ဖော်မှု
အပေါ်ကြီးကြပ်မှုအားနည်းခြင်းဖြစ်ပါသည်။
(ဆ) ယုံကြည်စိတ်ချရမှု(Trust) မရှိသေးခြင်း
အဖွဲ.အစည်းများ၏  ICTလုပ်ငန်းများနှင့်ဆက်စပ် ဆောင်ရွက်မည်. စီးပွားရေးလုပ်ငန်းများ၊ပြည်သူလူထု စသည်တို.သည် ICT လုပ်ငန်းအပေါ်ယုံကြည်စိတ်ချမှု
မရှိသေးခြင်းကြောင့်ICT Service ကိုလက်ခံရန်ဝန်လေးကြခြင်း မျိုးကိုကနဦးပိုင်းတွင်တွေ.ရတတ်ပါသည်။အထက်ဖော်ပြပါ အခက်အခဲများကိုကျော်လွှာနိုင်ရန်
(သို.)လျော့နည်းသွားစေရန်အတွက်ICTလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မည်.ဌာနများသည် စနစ်တက စီမံဆောင်ရွက်သွားရန် လိုအပ်ပါသည်။
၂။ အခက်အခဲများကို ဖြေရှင်းနိုင်မည်.နည်းလမ်းများ
(က)ICT လုပ်ငန်းစီမံချက် သေချာစွာရေးဆွဲခြင်း
ICT လုပ်ငန်းစီမံချက်ကို သေချာစွာကြိုတင်ရေးဆွဲပြီး အပိုင်းကဏ္ဍအလိုက်၊လုပ်ငန်းများအလိုက်အကောင်အထည်ဖော်ရမည်များကို အသေးစိတ် စီမံထားရန်
လိုအပ်ပါသည်။ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန်လိုအပ်မည်.သွင်းအားစုများကိုလည်းပြည့်စုံစွာစီမံထားရှိရန် လိုအပ်သည်။လက်တွေ.အကောင်ထည်
ဖော်ရာတွင် တာဝန်ယူမည်.Agency ကိုလည်း လုပ်ပိုင်ခွင့်များ အပြည့်အ၀ပေးအပ် ထားရန်လိုအပ်ပါသည်။မိမိအဖွဲ.အစည်းမှလုပ်ကိုင် ဆောင်ရွက်နိုင်စွမ်းမရှိသော
လုပ်ငန်းများကိုလည်း တတ်နိုင်သမျှပြင်ပအဖွဲ.အစည်းများနှင့်တွဲဖက်ဆောင်ရွက်ရန်( Outsource ၊ not in-house)စီမံထားရမည်ဖြစ်သည်။
(ခ) လူအင်အားပြည့်စုံစွာ ပြုစုပျိုးထောင်ခြင်း
ICT လုပ်ငန်းများအကောင်အထည်ဖော်အောင်မြင် နိုင်ရေးအတွက် အရေးကြီးဆုံးလိုအပ်ချက်တစ်ရပ်မှာ ကျွမ်းကျင်ပြီး အတွေ.အကြုံရှိသော
လူအင်အားပြည့်စုံမှုရှိရန်ကြိုးပမ်းခြင်းဖြစ်ပါသည်။မိမိအဖွဲ.အစည်းအတွင်းမှသော်လည်းကောင်း၊ပြင်မပမှသော်လည်းကောင်း၊ တတ်နိုင်သမျှ
စုစည်းဆောင်ရွက်ရန်လိုအပ်ပါသည်။အဖွဲ.အစည်းအတွက်  Change Management ပြုလုပ်ပေးရန်လိုအပ်သကဲ့သို. ပါဝင်ဆောင်ရွက်မည့်
ဝန်ထမ်းများအားလည်း ICT လုပ်ငန်း အကောင်အထည်ဖော်ရင် Knowledge Workerများ အသွင်သို. ပြောင်းလဲသွားနိုင်မည့်
အခြေအနေမျိုးဖြစ်ပါသည်။
(ဂ)  လုပ်ငန်းငွေကြေးလိုအပ်မှုကိုအဖြေရှာခြင်း
လုပ်ငန်းများတွင် ICT အကောင်အထည်ဖော်နိုင်ရန် ဘဏ္ဍာရေးအကူအညီ ရရှိနိုင်မည်.နည်းလမ်းမှာ ပုဂ္ဂလိကကုမ္ပဏီများအား
BOT ၊BOO ၊ BTO စသောနည်းလမ်းတစ်မျိုးမျိုးဖြင့်ပါဝင်ဆောင်ရွက်စေခြင်းပင်ဖြစ်ပါသည်။
(ဃ) ယုံကြည်မှုရရှိရန်ထူထောင်ခြင်း
ICT ကိုအသုံးပြုမည့်ပြည်သလူထုနှင့် စီးပွားရေး လုပ်ငန်းများအနေဖြင့် ယုံကြည်စိတ်ချစွာအသုံးပြုလာစေရန် စည်းရုံးဆွဲဆောင်မှုများဖြစ်သော
လွယ်ကူလျင်မြန်ခြင်း၊လုံခြုံစိတ်ချမှုရှိခြင်း စသည်တို.အားလက်တွေ.ပြသခြင်းဖြင့် ယုံကြည်စိတ်ချမှု ပိုမိုရရှိလာနိုင်မည်ဖြစ်ပါသည်။
(င)  လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး
အတွက် ISO Standard အသုံးပြုခြင်း
လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်ကိုအသုံးပြုသူများသည် စနစ်တီထွင်ထုတ်လုပ်သူများ၊စနစ်ကြီးကြပ်ဆောင်ရွက်သူများ
စသည်အားဖြင့် ကဏ္ဍမျိုးစုံမှ လူပုဂ္ဂိုလ်တို.ပါဝင်သည်ဖြစ်ရာယင်းတို.အပေါ် ကြီးကြပ်မှုအားကောင်းရန်လိုအပ်ပါသည်။ ထို.ကြောင့်လုပ်ငန်း
အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်ISO Standard ကိုသုံးပြုပြီ Impkementation-Project Management ပြုလုပ်သွားမည်ဆိုပါက စဉ်ဆက်မပြတ်
ကြီးကြပ်မှုအားကောင်းနိုင်သောကြောင့် စနစ်ကိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
Tuesday, March 26, 2013
ရဲရင့်ခြင်းလား ရူးသွပ်ခြင်းလား
i Phone အား Unclock နှင့် Jailbraek လုပ်နည်း
  • ထောင်ဖောက်တယ်ဆိုတာနဲ့ ကျွန်တော့်ကို တစ်မျိုးမထင်ကြနဲ့ဦး .ထောင်ဖောက် တယ်ဆိုတာက တင်စားလိုက်တာ . ကျွန်တော်တို့ apple ကနေ ထုတ်တဲ့ iphone တွေမှာက စပြီး ထုတ်ကတည်းက သတ်မှတ်ချက် တွေနဲ့ပါ . သီချင်းကို ပြန်ပြီး ကူးထည့်လို့မရအောင် လုပ်ထားတာမျိုး၊ sim card ကို သူသတ်မှတ်ထားတဲ့ နိုင်ငံမဟုတ်ရင် လိုင်းမ၀င်အောင် လုပ်တာမျိုး၊ နောက်တစ်ခုက iphone ထဲမှာ ဆော့မည့် ဂိမ်းများနှင့် အခြားသော တိုလီမိုလီများကို install လုပ်ဖို့အတွက်ကို ပိုက်ဆံသွင်းပြီး အကောင့် လုပ်ထားမှ ရမယ့်စနစ်ဖြင့် ပြုလုပ်ထားပါတယ် . အဲ့ဒါကို ကျွန်တော်တို့က အခုလို jailbreak လို့ခေါ်တဲ့ ထောင်ဖောက်နည်းကို သုံးလိုက်မယ်ဆိုရင် Sim card ကို international sim card အဖြစ် ပြောင်းလဲသွားပြီးတော့ . apple က မဟုတ်တဲ့ တစ်ခြား ပြင်ပ game တွေကိုလဲ download လုပ်ခွင့်ရရှိမှာပါ .. ကဲပထမဦးဆုံး ကျွန်တော်တို့ အောက်က နည်းအတိုင်းစမ်းကြည့်ရအောင်ဗျာ
  • itunes ကို ဖွင့်ထားလိုက်ပါ . itunes မရှိရင် ဒီမှာ ရေးပေးထားပြီးသားပါ ယူလိုက်ပါ .
  • iphone ကို unlock လုပ်ဖို့အတွက် iphone ကို unlock နှင့် jailbreak လုပ်ရန် နှစ်နည်းရှိပါတယ် . Redsnow နှင့် လုပ်တာရယ် . Quickpwn နှင့်လုပ်တာရယ်ပါ . အခုကတော့ redsnow ကိုအသုံးပြုပြီးတော့ unlock လုပ်နည်းကို ပြောပြပါ့မယ် .
  • redsnow ကို အောက်မှာ တင်ပေးထားပါတယ် . ဒီမှာ Download လုပ်လိုက်ပါ
  • ကဲပြီးသွားပြီဆိုရင်တော့ . iphone ရဲ့ fireframe တွေကို ဒေါင်းလိုက်ပါ . ကျွန်တော့် iphone က 3G ဆိုတော့ ဒုတိယက fireframe ကို ဒေါင်းလိုက်ပါတယ် .
  • တစ်ကယ်တော့ ကျွန်တော်တို့ fireframe က ဘာနဲ့တူလဲဆိုရင် သူက ကျွန်တော်တို့ pc မှာ အသုံးပြုဖို့ တင်တဲ့ window operation system လိုပါပဲ . သူက iphone ကို သုံးလို့ရအောင် iPhone Firmware 3.0.1 ကို ထည့်ရတာပါ . မျက်စိထဲ မြင်အောင်လို့ပါ . အောက်မှာယူလိုက်ပါဦး .
redsnow ကို ဖွင့်ပြီး browse နေရာတွင် အပေါ်က မိမိထည့်မယ့် fireframe ကို ရွေးပြီးထည့်လိုက်ပါ .
  • (၁) ပြီးတာနဲ့ ကျွန်တော်တို့ power button ကို 4 second နှိပ်ပါ ... (iphone ပိတ်သွားပါလိမ့်မယ်)
  • (၂) လက်ကိုမလွှတ်သေးဘဲနဲ့ ဆက်ပြီးတော့ နှိပ်ထားပါ . power button တစ်ဖက်နှင့် နှိပ်ထားရင်းကနေ အခြားတစ်ဖက်နဲ့ home button ကို 10 second နှိပ်ထားပါ (နှစ်ခုစလုံးတွဲပြီး နှိပ်ရမှာ ဖြစ်ပါတယ်) နားမလည်ရင် သေချာပြန်ဖတ်ပါ . ဒါက အရေးကြီးပါတယ် .
  • (၃) နောက်ဆုံး home button 1 ခုထဲ နှိပ်ထားပါ (power botton ကို လွှတ်လိုက်ပါ) . ဆက်နှိပ်ထားရင်းကနေ သူစပြီးတော့ install စလုပ်ပြီဆိုတာနဲ့ home button ကို လွှတ်လိုက်လို့ရပါပြီ .အဲ့ဒီ့မှာလဲ အင်္ဂလိပ်လိုရေးပေးထားပါတယ် . အဓိကက ခလုပ်နှိပ်တာ အရေးအကြီးဆုံးပါပဲ . မနှိပ်တတ်ခင်ကတော့ လက်ရဲမှာမဟုတ်ပါဘူး .
  • သိပ်နားမလည်ရင် movie ကြည့် နဲ့လက်တွေ့လုပ်ထားတာလေးကို တင်ပေးလိုက်ပါတယ် . အောက်မှာ Download လုပ်ပြီး သေချာ ကြည့်လိုက်ပါ .
မြန်မာ ပြည်ရဲ့ နံပါတ် တစ်များ
၁။ ပထမဆုံး သမ္မတ = စ၀်ရွှေသိုက်
၂။ ပထမဆုံး ၀န်ကြီးချုပ် = ဦးနု
၃။ ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး
၎။ ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာ မင်းသားနှင့် မစ္စတာလိန်း
( ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏ အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို )
၅။ ပထမဆုံး သိပ္ပံ စာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်
၆။ ပထမဆုံး အမျိုးသား ကောလိပ်မှ ၀ိဇ္ဖာဘွဲ့ ရသူ = ဆရာကြီး ဦးရာဇာတ်
၇။ ပထမဆုံး အင်ဂျင်နီယာ = ဖန်ချက်ဝန် ဦးရွှေအိုး
၈။ ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ = ဆရာတော် ဦးဥတ္တမ
၉။ ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး = ဒေါ်ဦးဇွန်း
၁၀။ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် = ဦးညီပု
၁၁။ ပထမဆုံး မြန်မာ့ရုပ်ရှင်ထူထောင်သူနှင့် ဒါရိုက်တာ = လန်ဒန်အတ် ဦးအုန်းမောင်
၁၂။ ပထမဆုံး မြန်မာ့ရုပ်ရှင် ထုူးချွန်ဆုရ မင်းသား = ကျော်စိုး
၁၃။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ မင်းသမီး = ကြည်ကြည်ဌေး
၁၄။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရကလေးသရုပ်ဆောင် = အောင်ထွန်းလေး
၁၅။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသား = ဦးကျောက်လုံး
၁၆။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ ဆု အမျိုးသမီး = ဒေါ်မေနွဲ့ 
၁၇။ ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ = ဦးသုခ
၁၉။ ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ = စိန်ဗေဒါ
၂၀။ ပထမဆုံး ကာလပေါ်ဝတ္တုရေး စာရေးဆရာ = ဂျိမ်းစ်လှကျော်(မောင်ရင်မောင် မမယ်မ၀တ္တု)
၂၁။ ပထမဆုံး သတင်းစာ ဆရာမ = အင်ဒီပင်းဒင့်ဒေါ်စန်း
၂၂။ ပထမဆုံး ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာကထိက = ဒေါက်တာဘမော်
၂၃။ ပထမဆုံး ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး = ပါမောက္ခ ဦးဖေမောင်တင်
၂၄။ ပထမဆုံး စတီရီယို အဆိုတော် =တက္ကသိုလ် ထွန်းနောင်
၂၅။ ပထမဆုံး လေသူရဲ = မီးပုံးပျံ ကျော်ရင်
၂၆။ ပထမဆုံး စက်ရုပ်တီထွင်သူ = ဦးကြည်
၂၇။ ပထမဆုံး နယ်လှည့်ဇာတ်သဘင် = ဂရိတ်ဦးဘိုးစိန်
၂၈။ ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရားဝန်ကြီးချုပ် = ဒေါက်တာဆာမြဘူး(၁၈၈၅-၁၈၈၆)
၂၉။ ပထမဆုံး မြန်မာပါရဂူ = ဒေါက်တာဘဟန် ( ၁၈၉၀-၁၉၆၉) ( ပြင်သစ်နှင့်ဂျာမနီပြန်)
၃၀။ ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာနတည်ထောင်သူ= ဒေါက်တာ တင်လှိုင်
၃၁။ ပထမဆုံး မြန်မာ ကာတွန်းဆရာ = ဥိးဘကလေး ( ဦးရွှေကလေး)
၃၂။ ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဌ = ပညာမင်းကြီး စည်သူဦးကောင်း
၃၃။ ပထမဆုံး ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် = ဒေါက်တာ တင်မောင်
၃၄။ ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ( ဗ - က - သ ) ဥက္ကဌ = ဦးရာရှစ်
၃၅။ ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသူ = စာရေးဆရာချစ်ဦးညို(၁၉၂၄ - ၁၉၈၇)
၃၆။ ပထမဆုံး လူမူထူးချွန်ဆု ပထမဆင့်ကို ရရှိသူ အမျိုးသမီး = ဟာဂျီမပျဉ်းမနား ဒေါ်ပု
၃၇။ ပထမဆုံး ဖလောရင့်နိုက်တင်ဂေးဆုရရှိသူ = ဗိုလ်မှူးဒေါ်ခင်အုန်းမြ (ခ)စာရေးဆရာမကြီး မြမာလာ
၃၈။ ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် = ဦးဝင်းမြင့်(မန္တလေး)
၃၉။ ပထမဆုံး မြန်မာ ကုလသမဂ္ဂအတွင်းေ၇းမှုး= ဦးသန့် 
၄၀။ပထမဆုံး မြန်မာနိုဘယ်လ်ဆုရှင် = ဒေါ်အောင်ဆန်းစုကြည်