ကွန်ပျူတာကိုတော့
တော်တော်များများထိတွေ့ရင်းနီးအသုံးပြုကြပါတယ်... သူ့ရဲ့အလုပ်လုပ်ဆောင်ပုံကို
ရိုးရိုးရှင်းရှင်းလေးပြန်စဉ်းစားရင် စိတ်ဝင်စားဖို့ကောင်းပါတယ်... ဒါကြောင့် ကွန်ပျူတာနဲ့
အကျွမ်းတဝင်သိပ်မရှိသူတွေ.. အထူးသဖြင့် ကွန်ပျူတာနဲ့ စတင်ထိတွေ့စ beginner တွေအတွက်
သိထားသင့်တဲ့ အခြေခံ ဗဟုသုတလေးတွေကို ဒီနေရာမှာဖော်ပြပေးလိုက်ပါတယ်... ကွန်ပျူတာတစ်လုံးအလုပ်လုပ်ဆောင်တဲ့အခါမှာ
အဓိကလုပ်ငန်းဆောင်တာ unit (5) မျိုးနဲ့လုပ်ဆောင်ပါတယ်... အဲ့ဒါတွေကတော့ (1) Input
Unit (2) Storage Unit (3) Operation Unit (4) Control Unit (5) Output Unit တို့ဖြစ်ပါတယ်...
(1) Input Unit
ဒီအပိုင်းဟာ ကွန်ပျူတာတစ်လုံး အလုပ်လုပ်ဖို့ လိုအပ်တဲ့အချက်အလက် (Data) တွေနဲ့ ဒီ Data တွေပေါ်မှာ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက် (Programs) တွေကို ထည့်သွင်းခြင်းပဲ ဖြစ်ပါတယ်... လူနဲ့ယှဉ်ပြီး ဥပမာပေးရမယ်ဆိုရင် လူရဲ့နား၊ မျက်စိနဲ့တူပါတယ်...
(2) Storage Unit
ဒီအပိုင်းကတော့ Input Unit ကထည့်သွင်းလာတဲ့ Data နဲ့ Programs တွေကို သိမ်းဆည်းထားခြင်းပဲ ဖြစ်ပါတယ်... လူရဲ့ဦးနှောက်နဲ့ ဆင်တူပါတယ်...
(3) Operation Unit
ဒီအပိုင်းမှာတော့ သိမ်းဆည်းထားတဲ့ အချက်အလက် (Data) တွေကို ညွှန်ကြားချက် (Programs) တွေအရ တွက်ချက်ခြင်းပဲ ဖြစ်ပါတယ်... လူ့ဦးနှောက်ရဲ့ စဉ်းစားဆုံးဖြတ်ခြင်းနဲ့ သဘောတရားတူပါတယ်...
(4) Control Unit
ဒီအပိုင်းကတော့ Input… Storage… Operation… Output… စတဲ့အခြား Unit (4) ခုလုံးကို ထိန်းချုပ်ထားပါတယ်... လူရဲ့ပင်မအာရုံကြောစနစ်နဲ့ ဥပမာပေးနိုင်ပါတယ်...
(5) Output Unit
ဒီအပိုင်းမှာတော့ ကွန်ပျူတာက တွက်ချက်ပြီးထွက်လာတဲ့ ရလာဒ်တွေကို လူသားတွေအသုံးပြုနေကျ နားလည်နိုင်တဲ့ပုံစံ (Format) နဲ့ပြန်ပြပေးပါတယ်... သူ့ရဲ့လုပ်ဆောင်ပုံက လူရဲ့တုံ့ပြန်စကားပြောဆိုပုံ၊ ခြေဟန်လက်ဟန်တွေနဲ့ သဘောဆင်ပါတယ်...

No comments:
Post a Comment