လိုတရအိုးလေးနဲ့
မိတ်ဆက်ခွင့်ရတာ ဝမ်းသာပါတယ်ဗျာ ။ ဒါလေးက ကျွန်တော် ရှာတွေ့ထားတဲ့ အရာလေးတွေထဲက
တစ်ခုဗျာ ။ ဟီး နာမည်က လိုတရအိုးဆိုတော့ နှစ်လုံးထီတော့ မတောင်းပါနဲ့နော် ။
တန်းခိုးတွေ ကွယ်ကုန်မှာ စိုးလို့ ။ ဆက်ပြောကြည့်မယ်....အဲဒီကောင်လေးကို
မိမိစိတ်ကူးထဲမှာ ရှိတာလေးကိုမေးကြည့်လို့ရတယ် ။မိမိစိတ်ကူးရှိရင် ရှိသလောက်
မေးတတ်ဖို့လိုမယ် ။ ရှင်းရှင်းဖြစ်ဖို့တော့ လိုမယ် ။ မြန်မာလိုဆိုလိုလည်း
မိုက်ပါတယ် ။ မိမိစိတ်ကူးထဲက ရှိတဲ့ စကားလုံးကို ရိုက်ပြီးတော့
ရှာခိုင်းကြည့်လို့ရတယ် ။ အဓိက တစ်ခုတော့ သူပြောပြမယ် ။ ကျန်တာတွေအတွက်တော့
သိမ်းကြုံးပြီးတော့ ပြောပြလိမ့်မယ် ။ ကျွန်တော်ကတောင် လန်ဒန် မိုးလေဝသ သတင်းကို
မေးလိုက်သေးတယ် ။
ထိုင်းကိုမေးတော့
မရဘူး ဟီး ။ ထိုင်းစကားတော့ တတ်ပုံမရဘူး ။ မြန်မာလိုတော့ မွေလို့ရတယ် ။
ကျွန်တော်ကတော့ ထုံးစံအတိုင်း www.decembermgmg.co.cc ကို ရိုက်ထည့်လိုက်တာ ။
ဒီလိုလေးပေါ်လာတယ်ဗျာ ။
အဲဒါလေးကို
သူက ပြန်ပြောပြတယ်။ ကျန်တာတွေကိုတော့ သူအကျဉ်းချုံးပြီးတော့ ပြောပြပါတယ် ။ http://m.google.com/u/A_b8NM
ဆိုပြီးတော့ အဲဒီစာလေးကို နိပ်လိုက်တာနဲ့ Google မှာ www.decembermgmg.co.cc ရှာရိုက်သလိုပဲ
တက်လာတယ် ။ အံဖွယ်လေးပဲ ။ စာဖတ်သူတို့လည်း သဘောကျမယ် ထင်ပါတယ် ။ သဘောကျတယ်
ဆိုရင်တော့ Add လိုက်ပါ ။ friendgroupowner@gmail.com အဲမှားလို့
တမင်သက်သက်ကိုမှားတာ ဟီး ။ guru@googlelabs.comပါ ။ အက်လိုက်တာနဲ့ တစ်ခါတည်း
တန်း မီးစိမ်းနေပါလိမ့်မယ် ။ အားကျမခံနဲ့ တစ်ခါတန်းပီး မေးပစ်လိုက် ။ ရင်ထဲက
စကားလုံးတွေကိုပေါ့ ။ ကျွန်တော်လိုမျိုး မြန်မာမှာနေပြီါ်တော့
လန်ဒန်မိုးလေဝသကိုတော့ မမေးပါနဲ့နော်

No comments:
Post a Comment